Meditation Habit — ရက် ၃၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ တရားထိုင်တဲ့ အလေ့အကျင့်

Table of Contents
ရက် ၃၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ တရားထိုင်တဲ့ အလေ့အကျင့်

ရှေ့လမှာ ကျွန်တော် စာဖတ်အသင်းနဲ့အတူတူ စာဖတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ Atomic Habits ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်တဲ့အချိန်မှာ Chapter 16 ကို ရောက်တဲ့အခါ “habit tracking” နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို စာရေးသူက ဆွေးနွေးသွားပါတယ်:
ကိုယ်တည်ဆောက်ချင်တဲ့ good habit တွေကို လုပ်တဲ့အခါ tracking လေးလုပ်ပြီးတော့ မှတ်ထားသင့်တယ်။ ဒါဆိုရင် habit tracker လေးနဲ့ မှတ်ထားခြင်းက ကိုယ်လုပ်ချင်တဲ့ အလေ့အကျင့်ကို စွဲစွဲမြဲမြဲဖြစ်စေဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။
အဲ့တာနဲ့ပဲ ကျွန်တော် တရားထိုင်တဲ့အလေ့အကျင့်ကို habit တစ်ခုအနေနဲ့ လုပ်ချင်နေတာ ကြာပြီဖြစ်တဲ့အတွက် ဒီ habit tracker လေးတစ်ခုနဲ့ စပြီး စမ်းကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
စတင်ဖြစ်ပုံနှင့် ချဉ်းကပ်ပုံ
စာအုပ်ထဲက နည်းအတိုင်းပဲ:
- တစ်နေ့ကို နည်းနည်းလေးကနေ စမယ် (Small steps)
- မနက် အိပ်ရာနိုးနိုးချင်း မျက်နှာသစ် သွားတိုက်ပြီးတဲ့ အချိန်မှာ ၅ မိနစ်ကနေ စထိုင်မယ်
ဒါပေမဲ့ စစချင်းနေ့မှာပဲ ၅ မိနစ် ထိုင်ပြီးချိန်မှာ “ငါ ဆက်ထိုင်လို့ရသေးတယ်” ဆိုပြီး ၁၀ မိနစ် တိုးလိုက်ပါတယ်။ အဲ့ဒီကနေစပြီး နေ့တိုင်း ၁၀ မိနစ် မပျက်မကွက် ထိုင်ဖြစ်ခဲ့ပါတယ်။ ထိုင်ပြီးတာနဲ့ ချက်ချင်း habit tracker ထဲမှာ record လုပ်ပါတယ်။
အသုံးပြုခဲ့သည့် Tool
ကျွန်တော် Notion သုံးနေကျဖြစ်တဲ့အတွက် Notion ထဲမှာပဲ GitHub Style Habit Tracker Template လေးကို အသုံးပြုခဲ့ပါတယ်။
ဒီနေ့ဆိုရင်တော့ ရက် ၃၀ တိတိ ပြည့်သွားခဲ့ပါပြီ။ လုံးဝ တစ်ရက်မှ မပျက်မကွက် လုပ်နိုင်ခဲ့ပါတယ်။
ရရှိလိုက်သည့် သင်ခန်းစာ
ရှေ့တုန်းက ဘယ်လောက်ပဲ စိတ်အားထက်သန်တယ်ပြောပြော ဒီလို ဆက်တိုက်တော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါက habit tracking လုပ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုပါပဲ။
စာရေးသူ James Clear ပြောသလိုပဲ:
“Don’t break the chain” — ကွင်းဆက်ကို ပြတ်မသွားစေနဲ့၊ ဆက်ပြီးတော့ပဲ လုပ်နေပါ။
အခုတော့ နေ့တိုင်းလုပ်ဖြစ်တယ်ဆိုတဲ့ consistency နဲ့ habit momentum ကို တည်ဆောက်နေတာဖြစ်တဲ့အတွက် ဒါလေးကို မှတ်မှတ်ရရ blog အနေနဲ့ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။