meditation habbit

ရက် ၃၀ ပြည့်သွားခဲ့ပြီဖြစ်တဲ့ တရားထိုင်တဲ့ အလေ့အကျင့်

ဒါကတော့ Github Style Habbit Tracker (Notion Template) ကို သုံးပြီး မှတ်ထားတဲ့ record ပါ

ရှေ့လမှာ ကျွန်တော်စာဖတ်အသင်းနဲ့ အတူတူစာဖတ်ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ Atomic habits ဆိုတဲ့စာအုပ်လေးကိုဖတ်ဖြစ်တဲ့အချိန်မှာ Chapter 16 ကိုရောက်တဲ့အချိန်မှာတော့ “habit tracking” နဲ့ပက်သတ်တဲ့အကြောင်းအရာလေးတွေ စာရေးသူကဆွေးနွေးသွားတယ်ပေါ့နော်။ အဓိကကတော့ဘာလဲဆိုတော့ ကိုယ်တည်ဆောက်ချင်တဲ့ good habit တွေကိုလုပ်တဲ့အခါမှာ tracking လေးလုပ်ပြီးတော့မှတ်ထားသင့်တယ်။ ဒါဆိုလို့ရှိရင်အဲ့လို habit tracker လေးနဲ့မှတ်ထားခြင်းက ကိုယ်လုပ်ချင်တဲ့အလေ့အကျင့်ကို စွဲစွဲမြဲမြဲဖြစ်စေဖို့အတွက် အထောက်အကူပြုတယ်ပေါ့လေ။ အဲ့တာနဲ့ပဲကျွန်တော်တရားထိုင်တဲ့ဟာကို habit တစ်ခုအနေနဲ့လုပ်ချင်နေတာကြာပြီ။

ကဲအဲ့တာဆိုလို့ရှိရင်ဒီ habit tracker လေးတစ်ခုနဲ့စပြီးတော့စမ်းကြည့်မယ်။ သူ့ရဲ့ပြောတဲ့နည်းတွေအတိုင်းပဲ တစ်နေ့ကိုနည်းနည်း နည်းနည်းပဲ လုပ်တာကနေစမယ်ဆိုပြီးတော့ ကျွန်တော်စခဲ့တယ်။ ဒီတစ်နေ့ကိုငါးမိနစ်စပြီးတော့ တရားထိုင်မယ်ပေါ့ မနက်အိပ်ရာထနိုးနိုးချင်း မျက်နှာသစ်ပြီး သွားတိုက်ပြီးတဲ့အချိန်ပေါ့။ အဲ့လိုစိတ်လက်လန်းဆန်းနေတဲ့အချိန်မှာ အဲ့လိုတရားထိုင်မယ်ဆိုပြီးတော့စလိုက်တယ်။ ဒါပေမဲ့စစခြင်းနေ့မှာပဲ ငါးမိနစ်ထိုင်ပြီးချိန်မှာ “ငါဆက်ထိုင်လို့ရသေးတယ်” ဆိုပြီးတော့ ဆယ်မိနစ်တိုးလိုက်တယ်ပေါ့။ အဲ့လိုနဲ့စခဲ့လိုက်တာဆယ်မိနစ်ကို ဆက်တိုက်ထိုင်ပြီးတော့ နေ့တိုင်းနေ့တိုင်း ဆယ်မိနစ်မပျတ်မကွက်နဲ့ထိုင်တယ်။ ထိုင်ပြီးပြီးခြင်းမှာလဲတစ်ခါတည်းပဲ ဒီ habit tracker ထဲမှာ record လုပ်တယ်။

ကျွန်တော်ဘယ်လို habit tracker လေးကိုသုံးလဲဆိုတော့ Notion သုံးနေကြသူဖြစ်တဲ့အတွက်ကြောင့် notion ထဲမှာပဲ habit tracker template လေးတစ်ခုသုံးလိုက်တယ်။ အခုဒီမှာ link လေးချပေးထားတယ်ပေါ့နော်။ အဲ့ဒီ tracker လေးထဲမှာကျွန်တော် meditation ဆိုပြီးတော့ record လုပ်တယ်။ Record လုပ်ပြီးတော့တစ်နေ့ကိုဆယ်မိနစ်တရားထိုင်မယ်ဆိုတဲ့ note လေးနဲ့ပေါ့ တောက်လျှောက်တောက်လျှောက် record လုပ်သွားတာ ဒီနေ့ဆိုလို့ရှိရင်တော့ ရက်သုံးဆယ်တိတိ ပြည့်သွားပြီပေါ့နော်။ လုံးဝတစ်ရက်မကိုမပျတ်မကွက်လုပ်နိုင်သွားတယ်ပေါ့။

ရှေ့တုန်းကဘယ်လောက်ပဲစိတ်အားထက်သန်တယ်ပြောပြော ဒီလို ဆက်တိုက်တော့ မလုပ်ဖြစ်ခဲ့ဘူး။ ဒါကတော့ habit tracking လုပ်ရခြင်းရဲ့အကျိုးကျေးဇူးနဲ့ ဒီစာအုပ်ကိုဖတ်လိုက်ရတဲ့ အကျိုးကျေးဇူးတွေထဲကတစ်ခုပေါ့လေ။ အခုကိုယ့်ကိုကိုတော့ထပ်ပြီးတော့ စာရေးသူပြောသလိုပဲ “don’t break the chain” ပေါ့လေ။ လုံးဝကွင်းဆက်ကိုပြတ်မသွားစေနဲ့ ဆက်ပြီးတော့ပဲလုပ်နေပေါ့။ အခုတော့ နေ့တိုင်းလုပ်ဖြစ်တယ်ဆိုတဲ့ consistency ကို တည်ဆောက်နေတာပေါ့ habit ကိုတည်ဆောက်နေတာဆိုတော့ ဒါလေးကိုမှတ်မှတ်ရရအနေနဲ့ blog လေးအဖြစ် မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။




Enjoy Reading This Article?

Here are some more articles you might like to read next:

  • Install Microsoft SQL Server on Mac M2 Air using Docker and Azure Data Studio
  • tweaking macos for 1080p external display
  • habbit stacking အကြောင်း